Galaxy Hotel မှ နွေးထွေးစွာ ကြိုဆိုပါ၏
Galaxy Hotel သည် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ သန့် ရှင်းသာယာ လှပပြီး စိတ်ငြိမ်လှသော ဥက္ကာလာသီရိ ပန်းခြံလမ်းပေါ်တွင် တည်ရှိပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။ Galaxy Hotel ရှိ အခန်းများအားလုံးကို အများပြည်သူများ သက်တောင့်သက်သာ နှင့် အဆင့်မှီမှီတည်းခို နိုင်ရန် နိုင်ငံတကာ အဆင့်မှီ ပြင်ဆင်ထားပြီ အခန်းဝန်ဆောင်မှုများကို လည်း နိုင်ငံတကာ အဆင့်မှီစေရန် ဟိုတယ်ကျွမ်းကျင်ဝန်ထမ်းများ ဖြင့် ဝန်ဆောင်မှုပေးနေပါသည်။ Galaxy Hotel သည် ခရီသွားပြည်သူ များ လွယ်လင့်တကူ တည်းခို နိုင်သော အချက်အချာ နေရာတွင် တည်ရှိပြီ မော်တော်ကား ဖြင့် လာရောက်ပါကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၇ မိနစ် ၊ အောင်မင်္ဂလာ အဝေပြေး မှ ၁၀ မိနစ် ခန့် အကွာအဝေးတွင်သာ တည်ရှိပါသည်။ Galaxy Hotel မှ ရန်ကုန်မြို့ ရှိ ထင်ရှားသော နေရာများဖြစ်သည့် ရွှေတိဂုံစေတီတော် ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ၊ ရန်ကုန် တိရိစ္ဆာန် ဥယျာဉ် ၊ ကန်တော်ကြီး ပန်းခြံ အစရှိသည် နေရာများ ကို မော်တော်ယာဉ်ဖြင့် မိနစ် ၃၀ အတွင်းရောက်ရှိနိုင်ပါသည်။ Galaxy Hotel သည် ရပ်နီး ရပ်ဝေး မှ ခရီသွားများ သက်သောင့်သက်သာ တည်းခိုနိုင်အောင် သန့်ရှင်သပ်ရပ်သော အိပ်ခန်း ကောင်းမွန်သော ဝန်ဆောင်မှုများ ဖြင့် နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။
Our Rooms
Galaxy Hotel တွင် ကျယ်ဝန်းသော အိပ်ခန်း ၃၀ ရှိပြီ အိပ်ခန်းအားလုံးကို ခေတ်မှီသော အသုံးအဆောင်များ ၊ ဝန်ဆောင်မှုများဖြင့် သက်သောင့်သက်သာ ရှိအောင် ဆောင်ရွက်ထားသည်။
အသေးစိတ်ဖတ်ရန် »ဟိုတယ် ဝန်ဆောင်မှုများ
- ၂၄ နာရီ အခန်းဝန်ဆောင်မှု
- ၂၄ နာရီ ရေ မီး ဝန်ဆောင်မှု
- ၂၄ နာရီ အသုံးပြု နိုင်သော ဓာတ်လှေကား
- အဝတ်လျှော် ဝန်ဆောင်မှု
- လေအေးပေးစက်
- တယ်လီဖုန်း
- အခန်းတွင်း DVD Movies
- ရုပ်သံလိုင်းများ (Skynet, 5 Movies)
- အခမဲ့ အင်တာနက်
ဆက်သွယ်ရန် လိပ်စာ
ဟိုတယ် လိပ်စာ
အမှတ်(၂အေ / ၅အေ) ၊ ဥက္ကလာသီရိ ပန်းခြံလမ်း ၊
မြောက်ဥက္ကလာပ မြို့နယ် ၊ ရန်ကုန်။
Ph: 01 691870, 09 73 111118~9, 09 4200 33331~2






